Sunday, August 12, 2012
တောင်ပံတွေပါတဲ့ ငှက်ကလေး
 ကျွန်မငယ်ငယ်တုန်းကပေါ့...
မေမေ့ဇာတိရွာက အမျိုးတွေ ဘိတ်မြို့ပေါ်ကနှစ်ကျိပ်ရှစ်ဆူဘုရားပွဲ တက်လာတော့ ၇ွာကနေ..ကြက်တူရွေးသားအမိလေးပါလာခဲ့တယ်..ကျွန်မတို့ ဘိတ်အခေါ်နဲ့ဆိုရင် " မဂဲ" မိသား (ကြက်တူရွေးသားအမိ) ပေါ့လေ..
မဂဲသားကင်းငယ်(ကြက်တူရွေးလေး)ကဆိုရင်.တကယ့်ကိုသေးသေးလေးပဲရှိပါသေးတယ်...သူ့အေ
မရဲ့ ရင်ခွင်ထဲကိုသွားသွားတိုးဝင်ပြီး...မျက်လုံးလေးကလည်ကလည်နဲ့ လူတွေကို
လိုက်ကြည့်နေပုံလေးက တကယ့်ကို သနားစရာပါ..သူဟာ လူတွေလည်းများများ
မမြင်ဖူးသလို မြို့ပေါ်က အသုံးအဆောင်တွေလည်း မမြင်ခဲ့ဖူးတော့
အရာရာဟာသူ့အတွက်ထူးဆန်းကြောက်ရွံစရာဖြစ်နေတော့တာပါ့......
.ကျွန်မသူ့ကိုမြင်မြင်ချင်းအရမ်းကိုချစ်သွားပါတယ်....
ညရောက်တော့သူ့ရဲ့ သခင် ဦးလေးကြီးက သူ့မိန်းမနဲ့ ကလေးတွေခေါ်ပြီး ဘုရားပွဲ
သွားကြပါလေရော....
သူတို့ရဲ့ ချစ်စရာ ကြက်တူရွေးလေး သားအမိကတော့ကျွန်မရဲ့
စာကြည့်စားပွဲနားလေးမှာ....မျက်လုံးလေး ကလည်ကလည်နဲ့ကျန်ခဲ့ရှာ တာပေါ့...
ကျွန်မလည်းဒီနေ့အဖို့စာကျက်တာကနဲနဲ..သူတို့လေးတွေကို
ထိုင်ကြည့်ဖြစ်နေတာက
များများပေါ့ရှင်....
ဒီလိုပဲ ကြည့်နေရင်းကနေ စာကြည့်စားပွဲမှာပဲကျွန်မအိပ်ပျော်သွားခဲ့တယ်...
သိ
ပ်မကြာခင်မှာပဲ ကြောင်ကြီး တကောင်ရဲ့
မာန်ဖီသံနဲ့အတူ မဂဲမကြီးရဲ့ စူးစူးရှရှ
 အော်သံတချက်ကြားလိုက်ပြီးတဲ့နောက်မှာ...ကျွန်မလန့်နိုးပြီးကြည့်
လိုက်တော့......
မဂဲ မကြီးဟာ သွေးဆာနေတဲ့ ကြောင်ကြီးရဲ့ ပါးစပ်ဖျားမှာ အသက်ကိုလုရင်း  တောင်ပံ
တဖျတ်ဖျတ်ခတ်လျက်နဲ့ အသက်ငင်နေခဲ့ပါပြီ....
ကျွန်မ ကြောင်ကြီးကို မမောင်းတတ်မောင်းတတ်နဲ့ လိုက်မောင်း တဲ့အခါ ကြောင်ကြီးဟာ
တဖျတ်ဖျတ်လူးလွန့်နေတဲ့ မဂဲ အမေကြီးကို ကိုက်ချီရင်း အိမ်ပြတင်းပေါက်ကနေ
ခုန်ချထွက် ပြေးသွားပါတော့တယ်....
ကျွန်မလည်း ရုတ်တရက် မဂဲလေးကိုစိတ်ပူစွာနဲ့ လိုက်ရှာကြည့်လိုက်တဲ့အခါ ရေအိုးစင်လေးရဲ့ ဒေါင့်မှာ သူခမျာကြောက်လွန်းလို့  တဆတ်ဆတ်တုန်နေရှာတယ်...
ကျွန်မသူ့ကို အားပေးနှစ်သိမ့်ပေးဖို့ရာ လက်လှမ်းလိုက်တဲ့အချိန်မှာသူဟာကြောက်လွန်းလို့..ဟိုးထောင့်ထဲထိ ခွေခေါက်
တိုးဝင်နေရှာတယ်..ကျွန်မလည်း သူမကြောက်အောင် သူ့ဆီညင်ညင်သာသာလေး
တိုးကပ်သွားပြီး သူ့ကိုရင်ခွင်ထဲမှာပွေ့ဖက်ပေးထားမိလိုက်တယ်..
.သူငြိမ်းချမ်းပါစေလို့လည်း ရင်ထဲကနေ တိတ်တိတ်လေး ဆုတောင်းပေးနေမိတယ်...
ရက်အနည်းငယ်ကြာ လို့ .ဦးလေးကြီးတွေရွာပြန်ဖို့ပြင်ဆင်ကြတော့ဦးလေး
ကြီးဆီမှာ မဂဲလေးကို ကျွန်မကိုအပိုင်ပေးခဲ့ဖို့ရာ တောင်းဆိုတော့ ဦးလေးကြီးကလည်း အသာတကြည်ပေးခဲ့ပါတယ်..
.မဂဲလေး တွက် အန္တရာယ်ကင်းစေဖို့ ၀ါးလှောင်အိမ်လေးကိုလည်း
ဦးလေးကြီးကိုယ်တိုင်ပဲ ရက်လုပ်ပြီး ကျွန်မကို လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်.....
ဒီလိုနဲပဲ.ကျွန်မဘ၀ထဲကို မဂဲလေး ၀င်ရောက်လာခဲ့တယ်ဆိုပါတော့....
မိခင်ရင်ငွေ့ မရှိရှာတော့တဲ့ မဂဲလေးကို ကျွန်မ ဟာ အရိပ်တကြည့်ကြည့်နဲ့
ကျွန်မကျောင်းချိန်မှအပ သူ့အနားမှာပဲ ဂရုတစိုက်နဲ့ ရှိနေခဲ့ပါတယ်...
.ကျွန်မ ကျောင်းကသူငယ်ချင်းတွေကိုလည်း ထမင်းဖိတ်ကျွေးပြီးး
မဂဲလေးကို ကြွားရတာလည်းအမောပေါ့...
မဂဲလေးဟာကျွန်မ၇ဲ့ဂရုတစိုက်ပြုစုပေးမှုအောက်မှာ တဖြည်းဖြည်းနဲ့ အရောင်တွေပိုတောက်လာခဲ့သလို
ကိုယ်လုံးကိုယ်ထည်ဟာလည်း တဖြည်းဖြည်းကြီးကောင်ဝင်လာခဲ့ပါတယ်..
.ခုဆို သူက ကျွန်မကျောင်းကနေ အဖြူအစိမ်းလေးနဲ့ပြန်လာတာမြင်ရင် တောင်နှုတ်ဆက်တတ်နေခဲ့ပြီလေ....
အိမ်ကလူကြီး တွေရဲ့ အသည်းကျော်ဟာ ကျွန်မဆိုပေမယ့် ကျွန်မရဲ့
အသည်းကျော်လေးကတော့ သူပေါ့...ကျွန်မသူ့ကို ဘယ်လောက် ထိ
သဲသဲလှုပ်ချစ်သလဲဆို ညအိပ်ရင် ကျွန်မရဲ့ ထီးခြင်ထောင်လေးထဲကို
သူ့လှောင်အိမ်လေးထားအိပ်တဲ့ထိပါ
ပဲ..
.ကြီးတော်အပျိုကြီးရဲ့ဈေးခြင်းတောင်းလေးထဲက နေ့စဉ် ကုန်စိမ်းလေးဟာလည်း သူအတွှက်
ငရုတ်သီးစိမ်းတွေပေါ့...
တခါတရံမှာ အထီးကျန်နေရှာတဲ့ တကောင်ကြွက် မဂဲလေး ကို ကျွန်မ စကားတွေ
အများကြီးပြောပေးခဲ့တယ်.
.ကျောင်းက သူငယ်ချင်းတွေအကြောင်း.. ကျွန်မရဲ့တတိယတန်းဖတ်စာထဲက ကဗျာလေးတွေအကြောင်း....ကျောင်းဥယျာဉ်ထဲကပန်းပင်လေးတွေအကြောင်းပေါ့...
သူကလည်း တခါတရံမျက်လုံးလေးအ၀ိုင်းသားနဲ့....
တခါတရံ...သူပြောတတ်တဲ့ဘာသာစကားလေးကိုအသံပြုလျက်နဲ့ကျွန်မပြောသမျှကို
နားထောင်ပေးရှာပါတယ်..
ကျွန်မသိပ်ချစ်ရတဲ့အရမ်းလိမ္မာတဲ့....မဂဲလေးဆိုပါတော့လေ...
ဒီလိုနဲ့ တနေ့မှာ ကျွန်မအတွေးတခုရလာခဲ့တယ်...အဲဒါကတော့ မဂဲလေးကိုအပြင်လောကထဲမှာ လွတ်လပ်စွာ နေခွင့်ပြုပေးဖို့ပါပဲ..သူ့ခမျ
လှောင်အိမ်ထဲမှာချည်းနေနေရတာကို ကျွန်မမကြည့်ရက်တော့ဘူး...
တခါတခါ....
လှောင်အိမ် ကျဉ်းကျဉ်းကျုပ်ကျုပ်လေးထဲမှာ သူ ထထပျံရင် သူ့
တောင်ပံလေးတွေကျိုးကျေသွားမှာကို ကျွန်မစိုးရိမ်မိတယ်လေ...
ကျွန်မရဲ့ဘိုးဘိုးနဲ့တိုင်ပင်တော့ ....ဘိုးဘိုးက မဂဲလေးကို လှောင်အိမ်ထဲမှာမထားချုင်လို့အပြင်ထုတ်ထားချင်ရင်တေ
ာ့ မဂဲလေးကို တောင်ပံမကြီးတွေ
ခုတ်ဖြတ်ရလိမ့်မယ်လို့ပြောပါတယ်...
.အိုးးးကျွန်မလက်မခံဘူး....ဘာလို့ခုတ်ဖြတ်ရမှာလဲ..သူ့တောင်ပံလေးတွေနာမှာစိုးလို့အပြင်ထုတ်ထ
ားပါတယ်ဆိုမှပဲ..ဆိုပြီး 
ကျွန်မလက်မခံဘူး.....
သူ့ကို ကျွန်မနဲ့ထပ်တူပျော်ရွှင်စေရမယ်...
ဒီလိုအတွေးတွေနဲ့..ကျွန်မ သူ့ကို နောက်ဆုံးမှာ တော့ လှောင်အိမ်လေးရဲ့ အပြင်မှာ ထုတ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်.
.ပထမဆုံး.သူ့လှောင်အိမ်လေးရဲ့ တံခါးကို ကျွန်မ ဖွင့်လိုက်တယ်...
သူ့မျက်လုံးလေးတွေအရောင်ဝင်းလက်သွားတာ ကျွန်မ သတိထားမိလိုက်ပါတယ်.ပြီးတော့
.သူတောင်ပံလေးကို ခပ်သာသာလေး လှုပ်ရှားလိုက်တယ်...
ကျွန်မလည်းသူ့ကို "မဂဲလေးနင့်ကို အပြင်မှာ ငါနဲ့တူတူ ပေးဆော့မယ်" လို့
ကလေးပီပီပျော်ရွှင်မြူးတူးစွာနဲ့ပြောလိုက်မိပါတယ်...သူလည်းပျော်ရွှင်နေပုံ
ပဲလို့တွေးမိပြီး..
ကျွန်မပါကြည်နူးလာခဲ့တယ်..
.သူ့ကိုယ်လုံးလေးကို ညင်ညင်သာသာလေးကိုင်ပြီးသူ့ကို အပြင်ထုတ်လိုက်တယ်...
ပထမတော့သူ ကျွန်မရဲ့ လက်မောင်းကိုသူ့ တောင်ပံလေးနဲ့ဖက်ပြီး ကျွန်မကို
စိုက်ကြည့်ပါတယ်...နောက်တော့ကျွ
န်မရဲ့ ပုခုံးပေါ်တက်ပြီး သူ့တောင်ပံတွေကို
လွတ်လပ်စွာ ရိုက်ခါပါတယ် ..အဲဒီအခါမှာ
ကျွန်မရဲ့ ခါးလည်လောက်ရှိတဲ့ ဆံပင်တွေဟာ ဘေးကို ဖျာဝဲသွားတော့တယ်....
လှုပ်ရှားနေတဲ့သူ့ကို ကျွန်မထိန်းရင်းက ကျွန်မဆံပင်တွေကိုပြန်စုစည်းလိုက်တယ်....
န်မှာပဲ ကျွန်မရဲ့ ပုခုံးကို အားယူပြီး
တဟုန်ထိုး ပျံသန်းပြေးထွက်သွားပါတော့တယ်..
.ကျွန်မရုတ်တရက်အံ့အားသင့်ပြီးကောင်းကင်ကိုမော့ကြည့်လိုက်တယ်.....
".အားးး"
 နေရောင်စူးစူးက ကျွန်မမျက်လုံးအကြည့်တွေကိုေ၀၀ါးသွားစေတယ်....မျက်လုံးတွကို ခနမှိတ်ပြီး ကျွန်မ ပတ်ဝန်းကျင်ကို ပြန်လည် ရှာဖွေကြည့်တဲ့အခါမှာတော့ ကျွန်မရဲ့
မဂဲလေးဟာ..ကျွန်မအနားမှာမရှိတော့ပါဘူး....
သူဘယ်ရောက်သွားလဲ....
ကျွန်မသွေးရူးသွေးတမ်းနဲ့ သူ့ကိုတွေ့လိုတွေ့ငြား ရေမြောင်းထဲတွေကော
ကျွန်မတို့ ခြံရဲ့ ပန်းပင်လေးတွေကြားထဲမှာကော တနေ့လုံးကျွန်မလိုက်ရှာခဲ့ပါတယ်...
အဲဒီနေ့ က ကျွန်မ တနေ့လုံးထမင်းစားချိန်ရောက်တာတောင် အိမ်ထဲပြန်မ၀င်ခဲ့ဘူး...သူ့ကို ပဲ
ကျွန်မလိုက်ရှာနေခဲ့မိတယ်..နောက်ဖေးလမ်းတွေထဲကော...ကြောင်ရှိတဲ့အိမ်ေ
တွပါမကျန် ကျွန်မ စေ့စေ့စပ်စပ် လိုက်ရှာခဲ့တယ်...
အဲဒီအိမ်တွေကိုလည်း ကျွန်မရဲ့ မဂဲလေးပျောက်သွားလို့ ကြောင်လေးတွေကို တိန်းသိမ်းထားပေးဖို့ ကျွန်မမရှက်မရွံ့ လိုက်ပြောခဲ့တယ်...
ကျွန်မရဲ့တကိုယ်လုံးတဆတ်ဆတ်တုန်ရင်နေခဲ့တယ်...တနေ့လုံးဘာမှမစားသေးတာကြောင့်ရော...နေပူတဲ့ဒဏ်ကြောင့်ရော..မဂဲလေးတခုခုဖြစ်မှာ ပူပန်တာကြောင့်ကော..မဂဲလေး ကို ပြန်ရှာမတွေ့မှာစိုးရိမ်တာကော ကျွန်မရဲ့ရင်ထဲမှာဗလောင်ဆူနေခဲ့တယ်...
ညနေလည်းရောက်ေ 
ရာ..နေပူခြင်းနဲ့ မိုးရွာခြင်းတွေ
အစိုးမရတဲ့ ကျွန်မတို့ ဘိတ်ရာသီဥတုအရ မိုးသည်းထန်စွာရွာပါတော့တယ်...
ကျွန်မတကိုယ်လုံး မိုးရေတွေနဲ့  ...ရွှဲရွဲစိုကုန်တော့တာပေါ့....
အဲဒီနေ့က ညရောက်လည်း တညလုံးအိပ်မပျော်ခဲ့ပါဘူး..
.နောက်နေ့မှာကျွန်မဖျားပါတော့တယ်....အိပ်ယာထဲမှာ အပြင်းဖျားနေတဲ့ ကျွန်မကို ပင်စင်စား
ဘိုးဘိုးက ဆေးတိုက်ရင်း စကားလေးတခွန်းပြောပါတယ်..
.မြေးလေး...ရယ်ငှက်ဆိုတာပျံတတ်တယ်လေတဲ့...မြေးလေးသူ့ကိုတကယ်မြေးလေးနဲ့အတူရှိနေစချင်တယ်ဆိုရင်....လှောင်အိမ်ထဲမှာပဲ ထားရင်ထား...မထားချင်လို့အပြင်မှာထုတ်
ထားချင်ရင်လည်းပျံသန်းနိုင်တဲ့ သူ့ ရဲ့အဓိက တောင်ပံ တွေကိုခုတ်ဖြတ် ပြီးမှ
ထားရတယ်..မြေးရဲ့...တဲ့...
ဒီလိုမှ မလုပ်ရင်သူက မြေးလေးရဲ့ ဟိုး အဝေးကိုပျံသန်းထွက်ခွာ သွားမှာပဲလေ...တဲ့..ဘာလို့လဲဆိုတော့ သူဟာ
တောင်ပံတွေပါတဲ့..ပျံသန်းတတ်တဲ့ "ငှက်" ဖြစ်နေလို့ပါပဲ...တဲ့.....
ကျွန်မလေ...နောက်ထပ် ဒီလို ငှက်တကောင်လောက်ထပ်မွေးဖြစ်မယ်ဆို
ရင်လေ သူ့ရဲ့တောင်ပံတွေကို မခုတ်ဖြတ်ဘူးဆိုရင်တောင်...သူ့ကို
 လှောင်အိမ်ထဲမှာပဲထားတော့မယ်လို့ ဆုံးဖြတ်လိုက်မိတယ်...
အဲဒီလှောင်အိမ်လေးဟာသူ့အတွက်..ရွှေသားနဲ့အတိပြီးတဲ့လှောင်အိမ်လေးဖြစ်ချင်ဖြစ်မယ်...
စိန်တွေစီထားတဲ့လှောင်အိမ်လည်းဖြစ်ချင်ဖြစ်နေလိမ့်မယ်....
ဒါပေမယ့် အဲဒီလှောင်အိမ်လေးရဲ့
တံခါးကိုတော့ ကျွန်မ ဘယ်တော့မှဖွင့်ပေးမိလိမ့်မှာမဟုတ်တော့ဘူး.....
ဘာလို့လဲဆိုတော့ သူဟာ တောင်ပံတွေ ပါတဲ့၊ ပျံသန်းတတ်တဲ့ ငှက်ကလေးတကောင် ဖြစ်နေလို့ပါပဲ...
(လွတ်လပ်ခြင်း)
No comments:
Post a Comment