Sunday, August 12, 2012
ချစ်သူ...မင်းအတွက်
ချစ်သူ...မင်းအတွက်
အကောင်းဆုံး ချစ်သူ.....
ငါ.....ဖြစ်ပါရစေ....
ချစ်သူ....မင်းအတွက်..
ပွင့်လင်းတိုင်ပင် ချစ်ခင်ရတဲ့ ....
အရင်းနှီးရဆုံး..သူငယ်ချင်း....
ငါ.....ဖြစ်ပါရစေ....
ချစ်သူ....မင်းအတွက်....
နီးစပ်ရာရာ..ထိုထိုပညာ..နှီးနှေ
ာဖလှယ်ရင်း...
ချစ်ခင်ရတဲ့ အကောင်းဆုံးမိတ်ဆွေ...
ငါ.....ဖြစ်ပါရစေ....
ချစ်သူ....မင်းအတွက်....
အလိုကိုလိုက် အကြိုက်ဟူသမျှ....
လိုရာရစေမယ့်....
မင်းရဲ့ အစ်မကြီး....
ငါ.....ဖြစ်ပါရစေ....
ချစ်သူ....မင်းအတွက်....
 နှုတ်ခမ်းစူလျှက်
 နွဲ့ဆိုးဆိုးကာ
မင်းချော့ပါမှ အလိုကျတဲ့....
မင်းရဲ့ ညီမလေး..
ငါ.....ဖြစ်ပါရစေ....
ချစ်သူ....မင်းအတွက်....
ကောင်းရာကိုသာ..ညွှန်ကာပြသည့်..
မင်းရဲ့ဆရာရင်း...
ငါ.....ဖြစ်ပါရစေ....
ချစ်သူ....မင်းအတွက်....
လမ်းကြောင်းပဲ့ပြင် ဆုံးမ သင်သမျှ
နာခံရတဲ့..မင်းရဲ့တပည့်ရင်း....
.
ငါ.....ဖြစ်ပါရစေ...
ချစ်သူ....မင်းအတွက်....
ဘယ်သူနဲ့မှ တုလို့မရတဲ့..မင်းရဲ့ မိခင်....
မာတာပင်လျှင်..အံ့အားသင့်လျှက်
.....
လက်ကို ဆွဲငင် ခေါ်ငင်ရသည့်...
မင်းရဲ့ ဒုတိယ မိခင်.....
ငါ.....ဖြစ်ပါရစေ....
မောင့်အတွက်...
ကြယ်တွေကိုဆွတ်ခူးပေးပါ့မယ်....
မောင့်လက်ရုံးတွေအတွက်.....
ကြာတွေကိုစိုက်ပျိုးပေးပါ့မယ်.....
မောင့်ဥယျာဉ်လေးအတွက်......
ပုလဲလုံးလေးတွေဆင်ယင်ပေးပါ့မယ်....
မောင့်နှလုံးသားလေးအတွက်......
လေပြေလေးတွေဆောင်ကြဉ်းပေးပါ့မယ်......
မောင့်ဂုဏ်သတင်းတွေအတွက်.....
မောင်............
လမိုက်ညတွေဘယ်လောက်များများ....
မေ့ရဲ့ ကြယ်လေးတွေဟာ.....
အမြဲတမ်း မောင့်အတွက်ပါ......
မောင်............
ရွှံ့ညွှံတွေ ဘယ်လောက်ထူထူ....
မေ့ရဲ့ ကြာပန်းလေး တွေဟာ....
အမြဲတမ်း မောင့်အတွက်ပါ......
မောင်............
လှိုင်းတံပိုးတွေဘယ်လောက်ထန်ထန်...
မေ့ရဲ့ပုလဲလေး တွေဟာ......
အမြဲတမ်း မောင့်အတွက်ပါ.......
မောင်....
လေမုန်တိုင်းတွေဘယ်လောက်ပြင်းပြင်း.....
မေ့ရဲ့လေပြည်ညင်းတွေဟာ....
အမြဲတမ်း မောင့်အတွက်ပါ.......
မောင်ရယ်....
ချစ်သူနဲ့ တူတဲ့ ချစ်သူ...
(ချစ်သူ)
သူဟာ တခါတရံမှာ အရိုင်းဆန်တယ်...
ပင်လယ်လိုပဲ...
(ချစ်သူ)
သူဟာ တခါတရံမှာ သိမ်မွေ့တယ်...
လေပြည်လိုပဲ.....
(ချစ်သူ)
သူဟာ တခါတရံမှာ ခိုင်မာတယ်..
ကျောက်ဆောင်လိုပဲ....
(ချစ်သူ)
သူဟာ တခါတရံမှာ ပေါ့ပါးလွန်းတယ်....
ဝါဂွမ်းလေး အတိုင်းပဲ...
(ချစ်သူ)
သူဟာ တခါတရံမှာ နက်ရှိုင်းလွန်းတယ်
ချောက်ကမ်းပါးလိုပဲ....
(ချစ်သူ)
သူဟာ တခါတရံမှာ ပေါ့တိမ်လွန်းတယ်....
ရေပြာအိုင်လိုပဲ....
(ချစ်သူ)
သူဟာ တခါတရံမှာ ကျွန်မ အိမ်မက်တွေနဲ့တူပြီး...
တခါတရံမှာ ကျွန်မ ရဲ့ ကော်ဖီခွက်လေးနဲ့တူတယ်...
တခါတရံမှာ ကျွန်မ အရမ်းနှစ်ခြိုက်မိတဲ့
စာအုပ်တအုပ်နဲ့တူပြီး....
တခါတရံမှာ ကျွန်မ အဖြေရတဲ့ထိ မတွက်တတ်ခဲ့ဖူးတဲ့
ပုစ္ဆာတပုဒ်နဲ့တူတယ်....
တခါတရံမှာ...
သူက ကျွန်မနဲ့တူပြီး..
ကျွန်မကသူနဲ့ တူတယ်......
(လွတ်လပ်ခြင်း)
တောင်ပံတွေပါတဲ့ ငှက်ကလေး
 ကျွန်မငယ်ငယ်တုန်းကပေါ့...
မေမေ့ဇာတိရွာက အမျိုးတွေ ဘိတ်မြို့ပေါ်ကနှစ်ကျိပ်ရှစ်ဆူဘုရားပွဲ တက်လာတော့ ၇ွာကနေ..ကြက်တူရွေးသားအမိလေးပါလာခဲ့တယ်..ကျွန်မတို့ ဘိတ်အခေါ်နဲ့ဆိုရင် " မဂဲ" မိသား (ကြက်တူရွေးသားအမိ) ပေါ့လေ..
မဂဲသားကင်းငယ်(ကြက်တူရွေးလေး)ကဆိုရင်.တကယ့်ကိုသေးသေးလေးပဲရှိပါသေးတယ်...သူ့အေ
မရဲ့ ရင်ခွင်ထဲကိုသွားသွားတိုးဝင်ပြီး...မျက်လုံးလေးကလည်ကလည်နဲ့ လူတွေကို
လိုက်ကြည့်နေပုံလေးက တကယ့်ကို သနားစရာပါ..သူဟာ လူတွေလည်းများများ
မမြင်ဖူးသလို မြို့ပေါ်က အသုံးအဆောင်တွေလည်း မမြင်ခဲ့ဖူးတော့
အရာရာဟာသူ့အတွက်ထူးဆန်းကြောက်ရွံစရာဖြစ်နေတော့တာပါ့......
.ကျွန်မသူ့ကိုမြင်မြင်ချင်းအရမ်းကိုချစ်သွားပါတယ်....
ညရောက်တော့သူ့ရဲ့ သခင် ဦးလေးကြီးက သူ့မိန်းမနဲ့ ကလေးတွေခေါ်ပြီး ဘုရားပွဲ
သွားကြပါလေရော....
သူတို့ရဲ့ ချစ်စရာ ကြက်တူရွေးလေး သားအမိကတော့ကျွန်မရဲ့
စာကြည့်စားပွဲနားလေးမှာ....မျက်လုံးလေး ကလည်ကလည်နဲ့ကျန်ခဲ့ရှာ တာပေါ့...
ကျွန်မလည်းဒီနေ့အဖို့စာကျက်တာကနဲနဲ..သူတို့လေးတွေကို
ထိုင်ကြည့်ဖြစ်နေတာက
များများပေါ့ရှင်....
ဒီလိုပဲ ကြည့်နေရင်းကနေ စာကြည့်စားပွဲမှာပဲကျွန်မအိပ်ပျော်သွားခဲ့တယ်...
သိ
ပ်မကြာခင်မှာပဲ ကြောင်ကြီး တကောင်ရဲ့
မာန်ဖီသံနဲ့အတူ မဂဲမကြီးရဲ့ စူးစူးရှရှ
 အော်သံတချက်ကြားလိုက်ပြီးတဲ့နောက်မှာ...ကျွန်မလန့်နိုးပြီးကြည့်
လိုက်တော့......
မဂဲ မကြီးဟာ သွေးဆာနေတဲ့ ကြောင်ကြီးရဲ့ ပါးစပ်ဖျားမှာ အသက်ကိုလုရင်း  တောင်ပံ
တဖျတ်ဖျတ်ခတ်လျက်နဲ့ အသက်ငင်နေခဲ့ပါပြီ....
ကျွန်မ ကြောင်ကြီးကို မမောင်းတတ်မောင်းတတ်နဲ့ လိုက်မောင်း တဲ့အခါ ကြောင်ကြီးဟာ
တဖျတ်ဖျတ်လူးလွန့်နေတဲ့ မဂဲ အမေကြီးကို ကိုက်ချီရင်း အိမ်ပြတင်းပေါက်ကနေ
ခုန်ချထွက် ပြေးသွားပါတော့တယ်....
ကျွန်မလည်း ရုတ်တရက် မဂဲလေးကိုစိတ်ပူစွာနဲ့ လိုက်ရှာကြည့်လိုက်တဲ့အခါ ရေအိုးစင်လေးရဲ့ ဒေါင့်မှာ သူခမျာကြောက်လွန်းလို့  တဆတ်ဆတ်တုန်နေရှာတယ်...
ကျွန်မသူ့ကို အားပေးနှစ်သိမ့်ပေးဖို့ရာ လက်လှမ်းလိုက်တဲ့အချိန်မှာသူဟာကြောက်လွန်းလို့..ဟိုးထောင့်ထဲထိ ခွေခေါက်
တိုးဝင်နေရှာတယ်..ကျွန်မလည်း သူမကြောက်အောင် သူ့ဆီညင်ညင်သာသာလေး
တိုးကပ်သွားပြီး သူ့ကိုရင်ခွင်ထဲမှာပွေ့ဖက်ပေးထားမိလိုက်တယ်..
.သူငြိမ်းချမ်းပါစေလို့လည်း ရင်ထဲကနေ တိတ်တိတ်လေး ဆုတောင်းပေးနေမိတယ်...
ရက်အနည်းငယ်ကြာ လို့ .ဦးလေးကြီးတွေရွာပြန်ဖို့ပြင်ဆင်ကြတော့ဦးလေး
ကြီးဆီမှာ မဂဲလေးကို ကျွန်မကိုအပိုင်ပေးခဲ့ဖို့ရာ တောင်းဆိုတော့ ဦးလေးကြီးကလည်း အသာတကြည်ပေးခဲ့ပါတယ်..
.မဂဲလေး တွက် အန္တရာယ်ကင်းစေဖို့ ၀ါးလှောင်အိမ်လေးကိုလည်း
ဦးလေးကြီးကိုယ်တိုင်ပဲ ရက်လုပ်ပြီး ကျွန်မကို လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်.....
ဒီလိုနဲပဲ.ကျွန်မဘ၀ထဲကို မဂဲလေး ၀င်ရောက်လာခဲ့တယ်ဆိုပါတော့....
မိခင်ရင်ငွေ့ မရှိရှာတော့တဲ့ မဂဲလေးကို ကျွန်မ ဟာ အရိပ်တကြည့်ကြည့်နဲ့
ကျွန်မကျောင်းချိန်မှအပ သူ့အနားမှာပဲ ဂရုတစိုက်နဲ့ ရှိနေခဲ့ပါတယ်...
.ကျွန်မ ကျောင်းကသူငယ်ချင်းတွေကိုလည်း ထမင်းဖိတ်ကျွေးပြီးး
မဂဲလေးကို ကြွားရတာလည်းအမောပေါ့...
မဂဲလေးဟာကျွန်မ၇ဲ့ဂရုတစိုက်ပြုစုပေးမှုအောက်မှာ တဖြည်းဖြည်းနဲ့ အရောင်တွေပိုတောက်လာခဲ့သလို
ကိုယ်လုံးကိုယ်ထည်ဟာလည်း တဖြည်းဖြည်းကြီးကောင်ဝင်လာခဲ့ပါတယ်..
.ခုဆို သူက ကျွန်မကျောင်းကနေ အဖြူအစိမ်းလေးနဲ့ပြန်လာတာမြင်ရင် တောင်နှုတ်ဆက်တတ်နေခဲ့ပြီလေ....
အိမ်ကလူကြီး တွေရဲ့ အသည်းကျော်ဟာ ကျွန်မဆိုပေမယ့် ကျွန်မရဲ့
အသည်းကျော်လေးကတော့ သူပေါ့...ကျွန်မသူ့ကို ဘယ်လောက် ထိ
သဲသဲလှုပ်ချစ်သလဲဆို ညအိပ်ရင် ကျွန်မရဲ့ ထီးခြင်ထောင်လေးထဲကို
သူ့လှောင်အိမ်လေးထားအိပ်တဲ့ထိပါ
ပဲ..
.ကြီးတော်အပျိုကြီးရဲ့ဈေးခြင်းတောင်းလေးထဲက နေ့စဉ် ကုန်စိမ်းလေးဟာလည်း သူအတွှက်
ငရုတ်သီးစိမ်းတွေပေါ့...
တခါတရံမှာ အထီးကျန်နေရှာတဲ့ တကောင်ကြွက် မဂဲလေး ကို ကျွန်မ စကားတွေ
အများကြီးပြောပေးခဲ့တယ်.
.ကျောင်းက သူငယ်ချင်းတွေအကြောင်း.. ကျွန်မရဲ့တတိယတန်းဖတ်စာထဲက ကဗျာလေးတွေအကြောင်း....ကျောင်းဥယျာဉ်ထဲကပန်းပင်လေးတွေအကြောင်းပေါ့...
သူကလည်း တခါတရံမျက်လုံးလေးအ၀ိုင်းသားနဲ့....
တခါတရံ...သူပြောတတ်တဲ့ဘာသာစကားလေးကိုအသံပြုလျက်နဲ့ကျွန်မပြောသမျှကို
နားထောင်ပေးရှာပါတယ်..
ကျွန်မသိပ်ချစ်ရတဲ့အရမ်းလိမ္မာတဲ့....မဂဲလေးဆိုပါတော့လေ...
ဒီလိုနဲ့ တနေ့မှာ ကျွန်မအတွေးတခုရလာခဲ့တယ်...အဲဒါကတော့ မဂဲလေးကိုအပြင်လောကထဲမှာ လွတ်လပ်စွာ နေခွင့်ပြုပေးဖို့ပါပဲ..သူ့ခမျ
လှောင်အိမ်ထဲမှာချည်းနေနေရတာကို ကျွန်မမကြည့်ရက်တော့ဘူး...
တခါတခါ....
လှောင်အိမ် ကျဉ်းကျဉ်းကျုပ်ကျုပ်လေးထဲမှာ သူ ထထပျံရင် သူ့
တောင်ပံလေးတွေကျိုးကျေသွားမှာကို ကျွန်မစိုးရိမ်မိတယ်လေ...
ကျွန်မရဲ့ဘိုးဘိုးနဲ့တိုင်ပင်တော့ ....ဘိုးဘိုးက မဂဲလေးကို လှောင်အိမ်ထဲမှာမထားချုင်လို့အပြင်ထုတ်ထားချင်ရင်တေ
ာ့ မဂဲလေးကို တောင်ပံမကြီးတွေ
ခုတ်ဖြတ်ရလိမ့်မယ်လို့ပြောပါတယ်...
.အိုးးးကျွန်မလက်မခံဘူး....ဘာလို့ခုတ်ဖြတ်ရမှာလဲ..သူ့တောင်ပံလေးတွေနာမှာစိုးလို့အပြင်ထုတ်ထ
ားပါတယ်ဆိုမှပဲ..ဆိုပြီး 
ကျွန်မလက်မခံဘူး.....
သူ့ကို ကျွန်မနဲ့ထပ်တူပျော်ရွှင်စေရမယ်...
ဒီလိုအတွေးတွေနဲ့..ကျွန်မ သူ့ကို နောက်ဆုံးမှာ တော့ လှောင်အိမ်လေးရဲ့ အပြင်မှာ ထုတ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်.
.ပထမဆုံး.သူ့လှောင်အိမ်လေးရဲ့ တံခါးကို ကျွန်မ ဖွင့်လိုက်တယ်...
သူ့မျက်လုံးလေးတွေအရောင်ဝင်းလက်သွားတာ ကျွန်မ သတိထားမိလိုက်ပါတယ်.ပြီးတော့
.သူတောင်ပံလေးကို ခပ်သာသာလေး လှုပ်ရှားလိုက်တယ်...
ကျွန်မလည်းသူ့ကို "မဂဲလေးနင့်ကို အပြင်မှာ ငါနဲ့တူတူ ပေးဆော့မယ်" လို့
ကလေးပီပီပျော်ရွှင်မြူးတူးစွာနဲ့ပြောလိုက်မိပါတယ်...သူလည်းပျော်ရွှင်နေပုံ
ပဲလို့တွေးမိပြီး..
ကျွန်မပါကြည်နူးလာခဲ့တယ်..
.သူ့ကိုယ်လုံးလေးကို ညင်ညင်သာသာလေးကိုင်ပြီးသူ့ကို အပြင်ထုတ်လိုက်တယ်...
ပထမတော့သူ ကျွန်မရဲ့ လက်မောင်းကိုသူ့ တောင်ပံလေးနဲ့ဖက်ပြီး ကျွန်မကို
စိုက်ကြည့်ပါတယ်...နောက်တော့ကျွ
န်မရဲ့ ပုခုံးပေါ်တက်ပြီး သူ့တောင်ပံတွေကို
လွတ်လပ်စွာ ရိုက်ခါပါတယ် ..အဲဒီအခါမှာ
ကျွန်မရဲ့ ခါးလည်လောက်ရှိတဲ့ ဆံပင်တွေဟာ ဘေးကို ဖျာဝဲသွားတော့တယ်....
လှုပ်ရှားနေတဲ့သူ့ကို ကျွန်မထိန်းရင်းက ကျွန်မဆံပင်တွေကိုပြန်စုစည်းလိုက်တယ်....
န်မှာပဲ ကျွန်မရဲ့ ပုခုံးကို အားယူပြီး
တဟုန်ထိုး ပျံသန်းပြေးထွက်သွားပါတော့တယ်..
.ကျွန်မရုတ်တရက်အံ့အားသင့်ပြီးကောင်းကင်ကိုမော့ကြည့်လိုက်တယ်.....
".အားးး"
 နေရောင်စူးစူးက ကျွန်မမျက်လုံးအကြည့်တွေကိုေ၀၀ါးသွားစေတယ်....မျက်လုံးတွကို ခနမှိတ်ပြီး ကျွန်မ ပတ်ဝန်းကျင်ကို ပြန်လည် ရှာဖွေကြည့်တဲ့အခါမှာတော့ ကျွန်မရဲ့
မဂဲလေးဟာ..ကျွန်မအနားမှာမရှိတော့ပါဘူး....
သူဘယ်ရောက်သွားလဲ....
ကျွန်မသွေးရူးသွေးတမ်းနဲ့ သူ့ကိုတွေ့လိုတွေ့ငြား ရေမြောင်းထဲတွေကော
ကျွန်မတို့ ခြံရဲ့ ပန်းပင်လေးတွေကြားထဲမှာကော တနေ့လုံးကျွန်မလိုက်ရှာခဲ့ပါတယ်...
အဲဒီနေ့ က ကျွန်မ တနေ့လုံးထမင်းစားချိန်ရောက်တာတောင် အိမ်ထဲပြန်မ၀င်ခဲ့ဘူး...သူ့ကို ပဲ
ကျွန်မလိုက်ရှာနေခဲ့မိတယ်..နောက်ဖေးလမ်းတွေထဲကော...ကြောင်ရှိတဲ့အိမ်ေ
တွပါမကျန် ကျွန်မ စေ့စေ့စပ်စပ် လိုက်ရှာခဲ့တယ်...
အဲဒီအိမ်တွေကိုလည်း ကျွန်မရဲ့ မဂဲလေးပျောက်သွားလို့ ကြောင်လေးတွေကို တိန်းသိမ်းထားပေးဖို့ ကျွန်မမရှက်မရွံ့ လိုက်ပြောခဲ့တယ်...
ကျွန်မရဲ့တကိုယ်လုံးတဆတ်ဆတ်တုန်ရင်နေခဲ့တယ်...တနေ့လုံးဘာမှမစားသေးတာကြောင့်ရော...နေပူတဲ့ဒဏ်ကြောင့်ရော..မဂဲလေးတခုခုဖြစ်မှာ ပူပန်တာကြောင့်ကော..မဂဲလေး ကို ပြန်ရှာမတွေ့မှာစိုးရိမ်တာကော ကျွန်မရဲ့ရင်ထဲမှာဗလောင်ဆူနေခဲ့တယ်...
ညနေလည်းရောက်ေ 
ရာ..နေပူခြင်းနဲ့ မိုးရွာခြင်းတွေ
အစိုးမရတဲ့ ကျွန်မတို့ ဘိတ်ရာသီဥတုအရ မိုးသည်းထန်စွာရွာပါတော့တယ်...
ကျွန်မတကိုယ်လုံး မိုးရေတွေနဲ့  ...ရွှဲရွဲစိုကုန်တော့တာပေါ့....
အဲဒီနေ့က ညရောက်လည်း တညလုံးအိပ်မပျော်ခဲ့ပါဘူး..
.နောက်နေ့မှာကျွန်မဖျားပါတော့တယ်....အိပ်ယာထဲမှာ အပြင်းဖျားနေတဲ့ ကျွန်မကို ပင်စင်စား
ဘိုးဘိုးက ဆေးတိုက်ရင်း စကားလေးတခွန်းပြောပါတယ်..
.မြေးလေး...ရယ်ငှက်ဆိုတာပျံတတ်တယ်လေတဲ့...မြေးလေးသူ့ကိုတကယ်မြေးလေးနဲ့အတူရှိနေစချင်တယ်ဆိုရင်....လှောင်အိမ်ထဲမှာပဲ ထားရင်ထား...မထားချင်လို့အပြင်မှာထုတ်
ထားချင်ရင်လည်းပျံသန်းနိုင်တဲ့ သူ့ ရဲ့အဓိက တောင်ပံ တွေကိုခုတ်ဖြတ် ပြီးမှ
ထားရတယ်..မြေးရဲ့...တဲ့...
ဒီလိုမှ မလုပ်ရင်သူက မြေးလေးရဲ့ ဟိုး အဝေးကိုပျံသန်းထွက်ခွာ သွားမှာပဲလေ...တဲ့..ဘာလို့လဲဆိုတော့ သူဟာ
တောင်ပံတွေပါတဲ့..ပျံသန်းတတ်တဲ့ "ငှက်" ဖြစ်နေလို့ပါပဲ...တဲ့.....
ကျွန်မလေ...နောက်ထပ် ဒီလို ငှက်တကောင်လောက်ထပ်မွေးဖြစ်မယ်ဆို
ရင်လေ သူ့ရဲ့တောင်ပံတွေကို မခုတ်ဖြတ်ဘူးဆိုရင်တောင်...သူ့ကို
 လှောင်အိမ်ထဲမှာပဲထားတော့မယ်လို့ ဆုံးဖြတ်လိုက်မိတယ်...
အဲဒီလှောင်အိမ်လေးဟာသူ့အတွက်..ရွှေသားနဲ့အတိပြီးတဲ့လှောင်အိမ်လေးဖြစ်ချင်ဖြစ်မယ်...
စိန်တွေစီထားတဲ့လှောင်အိမ်လည်းဖြစ်ချင်ဖြစ်နေလိမ့်မယ်....
ဒါပေမယ့် အဲဒီလှောင်အိမ်လေးရဲ့
တံခါးကိုတော့ ကျွန်မ ဘယ်တော့မှဖွင့်ပေးမိလိမ့်မှာမဟုတ်တော့ဘူး.....
ဘာလို့လဲဆိုတော့ သူဟာ တောင်ပံတွေ ပါတဲ့၊ ပျံသန်းတတ်တဲ့ ငှက်ကလေးတကောင် ဖြစ်နေလို့ပါပဲ...
(လွတ်လပ်ခြင်း)
ယုတ္တိမရှိတဲ့ ကဗျာ (အပိုင်း- ၂)
တနေ့တော့ကျွန်မဆီက အမြဲထွက်ထွက်သွားတတ်တဲ့ မောင် ကျွန်မဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာခဲ့တယ်။ သူရောက်လာတဲ့အချိန်မှာ ကျွန်မက ဧည့်ခန်းထဲမှာထိုင်ပြီး ကျွန်မလုပ်နေကျ အိမ်ဒီဇိုင်းလေးတွေ ထိုင်ဆွဲနေတဲ့ နေသာတဲ့ နေ့လေးတနေ့လေ..ကျွန်မသိပ်ပျော်တာပေါ့...ကျွန်မမောင့်ဆီကိုပြေးသွားလိုက်ပြီး မောင့်လည်ပင်းကို သိုင်းဖက်..မောင့်ပါးလေးကို မွှေးကြူပြီး ခပ်မြူးမြူးလေး ကျြိုဆိုလိုက်တယ်..အို...မောင်ကျွန်မဆီ က ထွက်သွားတာ ဘယ်လောက်တောင်ကြာပြီလဲကွယ်....မောင့်ဆံပင်တွေတောင် တော်တော်ရှည်နေခဲ့ပြီပဲ...
အသားတွေလည်း ပိုညိုလာသလိုပဲ ...ကျွန်မနဲ့မတွေ့ရတဲ့ အတောအတွင်းမှာြေ့ပာင်းလဲသွားလိုက်တာမောင်ရယ်...မောင်ကျွန်မဆီ လမ်းကြုံလို ၀င်လည်တာလားဟင်....မောင့်ဘေးမှာ အမြဲမပြတ် တယောက်တလဲစီရှိနေတတ်တဲ့ နတ်မိမယ်ကလေးတွေကော..ဘယ်ရောက်သွားလဲ...
.ကျွန်မသိချင်လိုက်တာမောင်ရယ်...ကြည့်စမ်း...မောင့်ပါးလေးတွေ အရင်တိုင်းပဲလား...မောင့်နှုတ်ခမ်းလေးတွေကော....အိုး..ကျွန်မဘယ်သူ့ မှထပ်မပေးနိုင်တော့ဘူးနော်....မောင်...နောက်ထပ်ကျွန်မဆီက ဘယ်မှထပ်ထွက်မသွားပါနဲ့တော့မောင်ရယ်နော်...
ကျွန်မ မောင့်လက်ကိုဆွဲပြီး ကျွန်မရဲ့ အခန်းလေးထဲ ခေါ်လာခဲ့လိုက်တယ်...မောင်လာတိုင်း ကျွန်မအိမ်ခန်းလေးထဲ အမြဲ တထောက်နားပြီးမှ...အလုပ်အတွက် အပြင်ကို ခရီးဆက်နေကျပေါ့...ကျွန်မအခန်းလေးဟာ မောင့်ဆွတ်နေကျ ရေမွှေးနံ့လေးတွေနဲ့ အမြဲ သင်းကြိုင်နေကျလေ...မောင် ကျွန်မခုတင်လေးပေါ် ခြေပစ်လက်ပစ် လှဲချလိုက်တယ်...အိုး..မောင်က ဒီလိုလေးကျတော့လည်း ဘာမှမြေ့ပာင်းလဲပါလားကွယ်....ကျွန်မ မောင့်အနားတိုးကပ်သွားလိုက်တယ်..မောင်က ထုံးစံအတိုင်း မောင့်ပါးလေးကို ကျွန်မမွှေးကြူမယ် အမှတ်နဲ့ မျက်လုံးလေးတွေ မှေးစင်းပေးပါတယ်....ကျွန်မမောင့်ရင်ဘတ်ကို အရင်ဆုံးလက်နဲ့ထောက်လိုက်မိတယ်...အိုကွယ်...မောင့်ရင်ခုန်သံတွေက အရင်အတိုင်း လတ်ဆတ်နေဆဲပါလား....ဟင့်အင်း..အဲဒီရင်ခုန်သံတွေကို ကျွန်မကလွဲပြီး ဘယ်သူမှ မခံစားစေရဘူး...ဘယ်သူတွေကော ခံစားခဲ့ဖူးပြီးပြီလဲ ကျွန်မ မသိဘူး..သိလည်းမသိချင်တော့ဘူးလေ….ကျွန်မ ကုတင်ဘေးက စားပွဲပေါ်မှာ အသင့်ရှိတဲ့ ပန်းကိုင်းဖြတ်တဲ့ ဓားလေး ကောက်ယူလိုက်တယ်..ပြီးတော့ အဲဒီခုန်နေတဲ့ နှလုံးသားကို ထုတ်ယူပစ်လိုက်တယ်....လတ်လတ်ဆတ်ဆတ်မောင့်နှလုံးသားလေးက ကျွန်မလက်ဖ၀ါးထဲ တဆတ်ဆတ်ခုန်ရင်း ပါလာခဲ့တယ်...မောင့်နှလုံးသားလေးက မောင့်အတိုင်းပါပဲလားကွယ်..တစက်ကလေးမှ အငြိမ်မနေဘူးနော်.".အဟိ".. မောင့်နှလုံးသားလေးကို ကြည့်ရင် ကျွန်မ စနောက် လိုက်တယ်..မောင့်ကိုတချက်ကြည့်လိုက်တော့...မောင်ကတော့ ငြိမ်သက်နေလေရဲ့....မောင့်ပါးဖောင်းဖောင်းလေးတွေက အရင်လိုပဲ မွှေးကြူချင်စရာလေး...ဒီပါးလေးကိုကော ကောင်မလေး ဘယ်နှယောက်နမ်းထားလဲပြော...မရဘူးနော်...ဘယ်သူမှ မနမ်းရဘူး...ကျွန်မ ပြောပြောဆိုဆို  မောင့်ပါးလေးတွေကို ဓားသွားလေးနဲ့ခြစ်ပစ်လိုက်တယ်...တစင်း..နှစ်စင်း..သုံးစင်း..လေးစင်း...မောင့်မျက်နှာတခုလုံး ခြစ်ရာတွေကထွက်ပေါ်လာတဲ့ သွေးတွေနဲ့ခြင်းခြင်းနီသွားတယ်....
.ပြီးတော့ မောင့်မျက်လုံးတွေ.....ကျွန်မနဲ့ အတူတွဲသွားတိုင်း..မိန်းမလှလေးတွေနဲ့ မျက်လုံးချင်းဆုံးတတ်တဲ့ မောင့်မျက်လုံးလှလှလေးတွေ....ကျွန်မ ဓားဦးလေးနဲ့ မျက်ခွံလေးကို ဆွဲဖယ်ရင်း မောင့်မျက်လုံးလေးတွေကို ကလော်ထုတ်လိုက်တယ်...အို...လှလိုက်တဲ့ မျက်လုံးလေးတွေကွယ်.....ကျွန်မ ဗူးလှလှလေးတလုံးယူပြီး သေသေချာချာ သိမ်းထားလိုက်တယ်…နောက်ဆို..ကျွန်မ မောင့် ကိုကောင်မလေးတွေနဲ့ မျက်လုံးချင်းစကားပြောမှာ မပူရတော့ဘူးလေ…..
ပြီးတော့ ကျွန်မ ဆက်တွေးကြည့်တယ်…မောင်ကို ကျွန်မချည်းပဲ တယောက်တည်း ချစ်လိုက်လို့ တရားပါ့မလား…မောင့်ကိုချစ်ပါတယ်ဆိုတဲ့ အခြား မိန်းကလေးတွေကကော…သူတို့လည်း ချစ်ချင်ရှာမှာပေါ့နော်……
ဟုတ်ပီ….မောင့်ကို ချစ်ပါတယ်ဆိုတဲ့ မိန်းကလေးတွေကို အကုန်ဒီကို လာခိုင်းလိုက်မယ်….ကျွန်မကိုယ်တိုင် မောင့်အတွက် မောင့်အပေါ် အချစ်နိုင်ဆုံးချစ်သူ ရွေးပေးရမယ်..ကျွန်မထက် မောင့်ကိုချစ်နိုင်မယ့်သူ ရှိရင် ကျွန်မကိုယ်တိုင် အဲဒီမိန်းကလေးကို မောင်နဲ့ လက်ဆက်ပေးမယ်…ဒါမှ ကျွန်မ တရားတော့မှာပေါ့…..အတွေးတွေမဆုံးခင်…ကျွန်မဖုံးထဲမှာ Save ထားခဲ့ဖူးတဲ့ မောင့် နတ်မိမယ်တွေဆီ..ဖုန်းကောက်ဆက်လိုက်တယ်…..သူတို့တွေ အားလုံး ကျွန်မဆီလာခဲ့ကြဖို့နဲ့ မောင့်အပေါ် အချစ်နိုင်ဆုံး သူကို ကျွန်မကိုင်တိုင် ရွေးချယ်လက်ဆက်ပေးမှာဖြစ်ကြောင်း အသိပေးကြေငြာလိုက်တယ်….
ပြီးတော့ ကျွန်မ ခြေလက်ဆေး မျက်နှာသစ်ပြီး…သူတို့တွေကို ဧည့်ခန်းထဲထွက်စောင့်နေလိုက်တယ်…
သိပ်မကြာပါဘူး…ရွှေမင်းသမီးလေးလို့ သူ့ကိုယ်သူ တင်စားတတ်တဲ့ ကောင်မလေးတယောက် စရောက်လာခဲ့တယ်…”Take a seat first”လို့ ကျွန်မ သူ့ရှေ့က ဆိုဖာကို ညွှန်ပြရင်း ဖိတ်မန္တက ပြုလိုက်တယ်…သူသိပ်နားမရှင်းပုံနဲ့ ကျွန်မကို လှမ်းကြည့်တယ်…အင်းလေ..ဘယ်နားရှင်းပါ့မလဲ..စတွေ့ဖူးတုန်းက “ What are you doing now “ လို့ရိုးရိုးလေးမေးတာကို “ ရန်ကုန်” လို့ တောင်ဖြေဖူးသေးတာပဲ….အဟက်ဟက်….
.ရုပ်ရည်လေးကတော့ မဆိုးပါဘူး….အလှပဂေးလေးပဲ…အင်းလေ..မင်းလမ်းကြောင်းမှာမင်းနေရင်တော့ ရွှေးမင်းသမီးလေးတော့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်..ဒါပေမယ့် သူတပါး အခိုင်အမာ တည်ဆောက်ထားပြီးသား လမ်းကြောင်းပေါ်ရောက်လာရင်တော့ အဲဒီလမ်းကြောင်းအတွက် မင်းဟာ အ မှိုက်ပဲ…..အမှိုက်ဆိုရင်တော့ သိတဲ့အတိုင်းပဲလေ..အဲဒီလမ်းပိုင်ရှင်ကတွေ့ရင်တော့ အမှိုက်ပုံးထဲ အပစ်ခံရမှာပဲ… မတွေ့မိလိုက်ရင်တော့ ဆောရီးကွာ…တက်နင်းမိမှာပဲ…တက်နင်းစရာဆိုလို့ ငါတို့လမ်းကြောင်းပေါ်မှာ မောင်ရယ်… ကျွန်မရယ် နှစ်ယောက်ပဲရှိတာလေ…မောင်တက်နင်းရင် တက်နင်း…မောင်မနင်းမိလိုက်ရင်တော့ ကျွန်မ တက်နင်းမိမှာပဲ…..
 တွေးနေရင်းပဲ သိပ်မကြာလိုက်ပါဘူး… နောက်ထပ် နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ထပ်ရောက်လာခဲ့တယ်…တယောက်က အသက်က ကျွန်မတို့ထက်တော့ကြီးလိမ့်မယ်လို့ ခန့်မှန်းရတယ်..နဲနဲ ၀တဲ့ဘက်ပါတယ်…တယောက်ကတော့ နို့နံ့တောင် မစင်သေးတဲ့ဒီဇိုင်းနဲ့ ခေါင်းပေါ်မှာဖဲပြားတပွင့်နဲ့…..ကျွန်မ ၀၀နဲ့ မမကြီးကိုပြုံးပြရင်း..”ထိုင်ပါ” …တဆက်တည်းမှာပဲ သူငယ်မလေးဘက်လှည့်ရင်း..ဒါနဲ့မင်းက နေပါဦး..
မိန်းမရွေးပွဲလာရအောင်..အသက်ကောပြည့်ရဲ့လား..ကျွန်မ ခပ်ဆတ်ဆတ်မေးလိုက်တော့ သူငယ်မ က “အိုး…ကျွန်မ ရှေ့အပတ်က တင် ၁၈ နှစ်ပြည့်တာ “ တဲ့…”အေးအေး..ဟုတ်ပါပြီ…ပြည့်တယ်ဆိုလည်း ပြီးတာပါပဲ…တော်ကြာ ငါ့ကို ကလေးသူငယ် တွေကို လက်ထပ်ဖို့ဖြားယောင်း သွေးဆောင်တယ်ဆိုပြီး အမှုပတ်နေမှာစိုးလို့ “ လို့ ကျွန်မ ရွဲ့ပြောလိုက်တယ်…..
နောက်ထပ်…ဆံပင်ဂုတ်ဝဲနဲ့ တယောက်ရယ်..ဘော်ဒီခပ်တောင့်တောင့်နဲ့ စကားပြောရင် တောသံနဲ့ပြောတတ်တဲ့ တယောက်ရယ် ထပ်ရောက်လာခဲ့တယ်…
ကဲ..လူစုံပြီဆို…စကြတော့လေတဲ့..အသက်ကြီးကြီးနဲ့တယောက်က စိတ်မရှည်စွာနဲ့ ၀င် လောဆော်တယ်….
.ဟုတ်ပီလေ…စလိုက်ကြတာပေါ့….
” စတာက ဟုတ်ပါပြီ…ဘယ်လို စကြမှာလဲ”..ဆံပင်ဂုတ်ဝဲနဲ့ တယောက် က မယုံသင်္ကာနဲ့ ၀င်မေးတယ်….
“သိရမှာပေါ့…ကျွန်မနောက်ကသာ လိုက်ခဲ့ပါ”
ကျွန်မကပဲ ဦးဆောင်ပြီး မောင်ရှိနေတဲ့ အခန်းဆီ ခေါ်သွားလိုက်တယ်….သူတို့တွေ ရင်ခုန်စွာနဲ့ လိုက်ပါလာခဲ့ကြတယ်…အူကြောင်ကြောင်ပုံစံတွေနဲ့ပေါ့…အခန်းရှေ့ ရောက်တော့ ကျွန်မ အခန်းတံခါးရှေ့မှာ ခြေစုံရပ်လိုက်တယ်….သူတို့လည်း လိုက်ရပ်တယ်..ပြီးတော့ ကျွန်မ မျက်နှာကို ပြိုင်တူ ၀ိုင်းကြည့်ကြတယ်….
ကျွန်မ သူတို့ အားလုံးကို ခြုံကြည့်ရင်း…”ကဲ..အာလုံးပဲ.. ဟောဒီအခန်းထဲမှာ မောင်ရှိတယ်…ကျွန်မ တံခါး ဖွင့်လိုက်တာနဲ့တပြိုင်နက် ကျွန်မရဲ့ မောင့်အတွက် မောင့်အပေါ် အချစ်နိုင်ဆုံး ချစ်သူကို ရွေးချယ်တဲ့ အစီအစဉ် အလိုလျှောက် စတင်မှာ ဖြစ်ပါတယ်…”ကျွန်မ သူတို့ကို ရှင်းလင်းပြောပြပြီးတဲ့နောက်မှာ…အခန်းတံခါးကို ဆွဲဖွင့်လိုက်တယ်….
ကုတင်ပေါ်မှာ မောင်က ကျွန်မ ခုနက ထားခဲ့တဲ့ ပုံစံအတိုင်း အလှုပ်မယှက်ရှိနေတယ်…
“ အားးးးးးးး” သူတို့ တွေဆီက အော်သံနက်ကြီးတွေ ပြိုင်တူထွက်ပေါ်လာခဲ့တယ်…အိုး…ကျွန်မ လန့်သွားတယ်..ရုပ်ကလေးတွေ သနားကမားလေးတွေနဲ့ သူတို့ အော်သံတွေက အဲလောက်တောင် ရုပ်ဆိုးကြလား….ဟဟဟ….ဗြုန်းဆို အသက်ကြီးကြီးနဲ့တယောက်က ကြောက်လန့်တကြားနဲ့ အားလံးကိုတွန်းတိုက် ထွက်ပြေးသွားတော့တယ်….တပြိုင်နက်တည်းပဲ…ရွှေမင်းသမီးလေးလို့ သူ့ ကိုယ်သူ တင်စားတဲ့ တယောက်ဆီက “အင့် “ခနဲ အသံတချက်ကြားပြီး မျက်လုံး အပြူးသားနဲ့  ကြမ်ြး့ပင်ပေါ် ပုံကျသွားလေရဲ့……သေပီလား..သေတော့ မသေလောက်သေးဘူး….ဟဟ..ငါတို့ နှစ်ယောက်တွဲ ဓာတ်ပုံကို ဆုတ်ဖြဲဖူးတဲ့မိန်းမ..ကျွန်မ နာနာကျည်းကျည်း တချက်ဆဲရေးလိုက်တယ်…..
ကျန်တဲ့ ဆံပင်ဂုတ်ဝဲရယ်….စကားဝဲ၀ဲနဲ့တယောက်ရယ်…သူငယ်နာ မစင်သေးတဲ့ ကလေးမရယ်က ကတုန်ကယင်နဲ့ “ နင်..နင်…လူသတ်သမား…နင်လူသတ်တယ်…” ဆိုပြီး လက်ညိုးငေါက်ငေါက်ထိုး စွတ်စွဲပါတော့တယ်….
အိုကွယ်..ကျွန်မ သိပ်ချစ်ရတဲ့ ချစ်သူတယောက်လုံးအတွက်…မောင့်အတွက် မောင့်အပေါ် ကျွန်မ ထက်ပိုချစ်နိုင်မယ့်သူရှာတာလေကွယ်….ကဲ..ဘယ်သူမောင့်နဲ့အတူ တသက်လုံး တူတူ နေနိုင်လဲပြော…..ပြောကြစမ်းပါ…ဘယ်သူနေနိုင်ကြလဲ…ဟောဒီကျွန်မ ပိုင်ဆိုင်တဲ့ အိမ်ကော ခြံကော…လုပ်ငန်းတွေပါ အားလုံး…အားလုံး..ကျွန်မ ပိုင်ဆိုင်သမျှ တွေ အကုန်ပေးပါ့မယ် မောင့်ကို တကယ်ချစ်ကြတယ်ဆို…မောင်နဲ့ အတူ တသက်လုံး နေပေးကြလေ..မောင့်ကို ဘယ်သူကျွန်မထက်ပိုချစ်လဲပြော……ပြောကြလေ…
.ကျွန်မ ဟစ်အော်ပစ်လိုက်တယ်…
..ကျွန်မကိုလည်း ပေါက်ကွဲခွင့်ပေးပါ..ကျွန်မခံစားချက်တွေ မွန်းကြပ်နေခဲ့တာကြာခဲ့ပြီလေ…
..ကျွန်မဘေးကနေ မိစ္ဆာမ တွေ အကုန် ထွက်ပြေးကုန်တယ်….
သိပ်မကြာလိုက်ဘူး….ယူနီဖောင်းဝတ်နဲ့ လူတွေရောက်လာခဲ့တယ်….ဘယ်သူတွေလဲတော့ ကျွန်မမသိဘူး..ကျွန်မမျက်လုံးတွေထဲ မျက်ရည်တွေနဲ့ချည်း ပြည့်နှက်နေခဲ့လို့..ကျွန်မ သူတို့ကိုကောင်းကောင်းမမြင်နိုင်ဘူး….သူတို့ကျွန်မရှေ့ရောက်တဲ့ အခါမှာ..ခုနက မောင့် နှလုံးသားကို ဖြတ်ထုတ်ထားတဲ့ ဓားနဲ့ ကျွန်မ ရင်ညွန့်ကို ကျွန်မဘာသာ ကျွန်မ ကောက်တေ့လိုက်တယ်…" ဘယ်သူမှ ရှေ့တိုးမလာကြနဲ့နော်"
ကျွန်မအရမ်းတည်ငြိမ်နေခဲ့တယ်.....
…မောင်တခြားကောင်မလေးနဲ့ ချိန်းတွေ့တာကိုတွေ့ တုန်းက ထက်ရော….မောင်ဒေါသတကြီးနဲ့ အော်ဟစ်ကြိမ်းမောင်းတုန်းက စိတ်လှုပ်ရှားခဲ့ဖူးတာထက်ကော..အဲဒါတွေ အားလုံးနဲ့ ခြားနားစွာ…ကျွန်မ သိပ်ကို တည်ငြိမ်နေခဲ့တယ်….
သူတိုတွေ ကျွန်မစကားနားမထောင်ကြဘူး ရှေ့ ဆက် တိုးလာကြတယ်…
ကျွန်မ လက်ထဲက ဓါးကို ကျွန်မ နှလုံးသားရဲ့ အဆုံးထိ နက်နက်ရှိုင်းရှိုင်းထိုးသွင်းလိုက်တယ်….အိုး…နာလိုက်တာ….
ပြီးတော့
ကျွန်မ မျက်လုံးတွေ မှောင်အတိကျသွားတော့တယ်…….
……….   ………..   ………….    ………….  …………   ……………….   ………..   ………….   ……….
မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ တိမ်လိုလို မြူလိုလိုနဲ့ ပတ်ဝန်းကျင်က မသဲကွဲဘူး……ကျွန်မ ဘယ်ရောက်နေပါလိမ့်…ကျွန်မ မျက်လုံးကို ခဏ ပြန်မှိတ်ပြီး ပြန်ဖွင့်လိုက်တော့ ဟိုးးးးးးးးးးး ခပ်လှမ်းလှမ်းမှာ..မောင်…..ဟုတ်တယ်…မောင်မှ မောင်အစစ်…..မောင်က ကျွန်မ ဆီအ ပြေးလေးလှမ်းလာတယ်…
မောင့်ပုံစံလေးက ဖြူဖြူစင်စင်လေး….ဘယ်လိုလေးမှန်းလည်းမသိဘူး…မောင်က ကျွန်မကို “ထ “ဆြို ပီိးု့ပြောပြောဆိုဆို လက်ကမ်းပေးတယ်..ကျွန်မ ဘေးဘီကို တချက်ဝေ့၀ဲကြည့်လိုက်မိတယ်……
မောင်က ပြုံးနေကျအတိုင်း ကျွန်မကို ကလေးလေးတယောက်ကြို့ပုံးကြည့်တဲ့ လူကြီးတယောက်လို့ အပြုံးမျိုးနဲ့…”ကဲကဲ ဘာမှ စိတ်ပူပြီး လိုက်မကြည့်နေနဲ့..ဘယ်သူမှမရှိတော့ဘူး..ဒီလို နေရာမျိုးကိုလည်း မောင့်နောက်ကို မင်းလေးလို အရူးကလွဲပြီး ဘယ်သူမှ လိုက်လာမှာလည်း မဟုတ်ဘူး…သိပီလား…အရူးမလေး “ဆိုပြီး ကျွန်မ ခေါင်းကိုချစ်စနိုး ခပ်ဖွဖွ ပုတ်ရင်း ပြောပါတယ်…
ကျွန်မတို့ ဘေးမှာ နှင်းမြူလေးတွေက ခပ်ဖွဲဖွဲလေး ရစ်သိုင်းလို့…..ကျေးငှက်လေးတွေကလည်းတီတီတာတာနဲ့…
.မောင်ရယ်…ကျွန်မလေ…ကြည်နူးလိုက်တာ…
…မောင်…….နောင်ကို ဘယ်တော့မှ မခွဲဘူးနော်………
                                                                                                                            (လွတ်လပ်ခြင်း)
Saturday, August 11, 2012
ယုတ္တိမရှိတဲ့ ကဗျာ.......(အပိုင်း -၁)
လက်ဆော့ခြေဆော့ တယောက်တည်း လျှောက်လျှောက်သွားတတ်တဲ့ကျွန်မ တနေ့မှာ ဒီလိုပဲ.တယောက်တည်း ပျင်းပျင်းရှိတာနဲ့ အနီးအနားက တောစပ်ကလေးကို ထွက်လာခဲ့ မိတယ်...အရမ်းသာယာတဲ့နေ့လေးတနေ့လို့လည်း စိတ်ထဲမှာခံစားနေမိတယ်...မှတ်မှတ်ရရ အဲဒီနေ့က ကျွန်မ Sunkist သီးတွေစားမိတဲ့နေ့ပေါ့....စိတ်လက်သာသာယာယာ၇ှိတာနဲ့ပဲ..လျှောက်လာလိုက်တာ..တောတောင် တော်တော်လေးနက်တဲ့အထိရောက်လာခဲ့တယ်...ရှေ့မှာဘာလေးပါလိမ့် သေချာကြည့်လိုက်တော့ စိမ်းစိမ်းစိုစို နွယ်ပင်တွေကြားက ကျောက်ဂူလေး တလုံး...ဒီလိုနဲ့ အမှတ်တမဲ့ ကျွန်မ အနားတိုးကပ်သွားခဲ့မိတယ်...အနီးကပ်ကြည့်လိုက်တော့ တော်တော်လေးကို မှောင်ရိပ်သန်းနေတာတွေ့လိုက်ရတယ်....သိပ်မကြောက်ရွံ့ တတ်တဲ့ကျွန်မက ဘာဘာညာညာတွေးမနေတော့ဘဲ...ဂူလေးထဲ...တလှမ်းချင်းဝင်ခဲ့မိတော့တာပေါ့...
အတော်အတန်သွားကြည့်လိုက်တော့ ဂူလေးက အတော်အတန်လည်း ကျယ်ပြန့်သလို ၀င်္ကဘာဆန်လွန်းလှစွာ ရှုပ်ထွေးရှည်လျှားလှတာကို တွေ့လည်းသတိထားလိုက်မိတယ်.....အလင်းရောင်အားနည်းတဲ့ ဒီဂူလေးထဲမှာ ကျင့်သားရသွားပြီဖြစ်တဲ့ ကျွန်မရဲ့ မျက်လုံးတွေက .ရှေ့ကအရိပ်လေးတခုကို သတိထားမိလိုက်တော့..အိုး.......လူတယောက်ပါလား....သူဘာထိုင်လုပ်နေပါလိမ့်...သိချင်စိတ်တွေကို မမြိုသိပ်နိုင်ဘဲ ကျွန်မ အနားတိုးကပ်သွားမိတယ်..
.မှောင်ရိပ်လေးသန်းနေတဲ့ နောက်ခံပေါ်က သူ့ပုံရိပ်လေးက အိမ်မက်ဆန်လိုက်တာ...သူဘယ်သူပါလိမ့်....သူကျွန်မကို လက်ယပ်ခေါ်လိုက်တော့ ကျွန်မအားတက်စွာနဲ့ သူ့အနားတိုးကပ်သွားမိတယ်..
သူ့မျက်နှာကို သဲသဲကွဲကွဲမြင်ရတဲ့ထိဆိုပါတော့...အပြုံးတွေရှားပါးနေတာကြာပြီဖြစ်တဲ့ကျွန်မရဲ့ နှုတ်ခမ်းတွေက သူ့အတွက် စိတ်လိုလက်ရအပြုံးတပွင့် ခုန်ထွက်သွားခဲ့တယ်....ကျွန်မကိုယ်ကျွန်မတော့ သတိမထားလိုက်မိဘူး...
.အဲဒီအချိန်မှာပဲ ရုတ်တရက် ဂူအမိုးနံရံတွေမှာဇောက်ထိုးတွဲလွဲခိုနေတဲ့ လင်းဆွဲတွေ ရုတ်တရက်ထပျံသွားတာနဲ့ တပြိုင်နက်.ဂူ.အမိုးကြားက ၀င်ရောက်လာတဲ့အလင်းရောင်တွေနဲ့အတူ တွေ့လိုက်ရတာက...ဟား........သူ့နဘေးမှာ မိန်းကလေးတယောက်....တော်တော်လှတာပဲ..ကျွန်မ မှတ်ချက်ပေးလိုက်မိတယ်.....
ဒါပေမယ့် ကျွန်မသူ့ကိုတော့ မပြုံးပြလိုက်ဖြစ်ဘူး....
.ဒီလိုနဲ့ ကျွန်မပြန်ခဲ့တယ်...နောက်နေ့တွေလည်း ကျွန်မ..အဲဒီဂူလေးဘက် သွားဖြစ်ခဲ့တယ်...ကောင်လေးက ကျွန်မကို တခါတရံတော့ ဧည့်ခံကျွေးမွေးတတ်ပြီး...တခါတရံတော့ ကောင်မလေးရောက်နေရင် ကျွန်မကို  ဥပေက္ခာပြုပြီးအဲဒီကောင်မလေးနဲ့ပဲ..စကားတွေဖောင်ဖွဲ့နေတာတွေ့ခဲ့ရတယ်...ဒါပေမယ့် ...အမြဲတမ်းသူ့ဂူလေးကို အလည်လာဖို့ဖိတ်ခေါ်ခဲ့တဲ့ ကောင်လေးရဲ့ဖိတ်ခေါ်ချက်အရ ကျွန်မ မပျက်မကွက်သွားနေကျ အချိန်လေးတွေအတိုင်း သွားဖြစ်ခဲ့တယ်...ကျွန်မသွားရောက်လည်ပတ်တဲ့အချိန်တိုင်းမှာလည်း ကောင်မလေး မရှိရင် တော့ ကျွန်မကို စိတ်လိုလက်ရ ဧည့်ခံတတ်ပြီး ကောင်မလေးရှိနေရင်တော့ ကျွန်မ တိတ်ဆိတ်စွာနဲ့ လှည့်ပြန်ခဲ့ရတယ်...တနေ့တော့ ကျွန်မသူ့ဆီရောက်သွားတဲ့ ညနေခင်းလေးတခုမှာပေါ့....ဂူထဲမှာတိတ်ဆိတ်နေလို့ ကျွန်မ ဝေ့၀ဲကြည့်လိုက်တော့ သူ့ကျွန်မကို ညွှတ်နူးစွာကြည့်နေတာတွေ့လိုက်ရတယ်..အမှန်အတိုင်းဝန်ခံရရင် သူ့ရဲ့ အဲလိုမျက်ဝန်းမျိုးတွေ ကျွန်မပိုင်ဆိုင်ချင်ခဲ့တာကြာပေါ့....ကျွန်မသိပ်ပျော်သွားခဲ့မိတယ်...ဒါပေမယ့် ကျွန်မ ရုတ်တရက်သတိထားလိုက်မိတာက သူ့လက်မှာသွေးတွေများလားလို့.....ဘယ်လိုဖြစ်တာရလဲ......ကျွန်မရဲ့ မျက်ဝန်းအကြည့်က ဂူကြမ်းပြင်ထက်ကို အဝှေ့....အိုး.....ကောင်မလေး...ကောင်မလေး...သူ့ရင်ဘတ်မှာ သွေးတွေနဲ့...ဒါဆိုရှင် လူသတ်ခဲ့တာပေါ့.....ကျွန်မမလှုပ်မယှက်ငြိမ်သက်နေပြီဖြစ်တဲ့ ကောင်မလေးကို ကြက်သေသေပြီး စိုက်ကြည့်နေခဲ့မိတယ်.....အဲဒီအချိန်မှာ ကောင်လေးက ကျွန်မကို သူ့လက်ကလေးကမ်းပေးတယ်........ပြီးတော့ ကျွန်မ အသိမဲ့စွာနဲ့ပဲ...သူ့ကိုကူပြီး ကောင်မလေးရဲ့ ရုပ်အလောင်းကို ဖျောက်ဖျက်ပစ်ခဲ့တယ်...အဲဒီနောက်တော့..ကျွန်မ သူ့ဂူလေးကို သွားရတာ အရင်ကထက် ပို အဓိပ္ပာယ်တွေရှိလာခဲ့တယ်ဆိုပါတော့....ကျွန်မတို့ရဲ့ ထာဝရအိမ်လေးဟာ...အဲဒီဂူလေးပဲလို့...သူပြောတိုင်း ကျွန်မရင်တွေခုန်နေတတ်ခဲ့တယ်...ဒါပေမယ့် ကျွန်မရဲ့ မျက်လုံးထဲက မိန်းမလှလေးရဲ့ ရုပ်အလောင်းက ဘယ်လိုမှ ထုတ်မရခဲ့ဘူး....သူအရမ်းနာကျင်ခဲ့မှာပဲလို့..ကျွန်မအမြဲတွေးနေမိခဲ့တယ်...ပြီးတော့...ပြီးတော့လေ....မသိစိတ်ထဲကလည်း ကျွန်မကကော ဘယ်နေ့ ဘယ်အချိန်မှာ ဒီရုပ်အလောင်းလေး လိုဖြစ်သွားမလဲလို့....တွေးကြောက်နေခဲ့မိတယ်.....ဒါပေမယ့် ကျွန်မ နေပျော်ခဲ့ပါတယ်....သူ့ရင်ခွင်ထဲမှာပေါ့....... ဒါပေမယ့် သူ့ရင်ခွင်ထဲက နေ ခွဲခွာပြီး ကျွန်မ ညအိပ်ယာဝင်တိုင်း မိန်းမလှ တစ္ဆေ လေးက ကျွန်မဆီရောက်ရောက်လာခဲ့တာ သူမသိခဲ့ဘူး...ကျွန်မကို ညစဉ်ညတိုင်း အိပ်မရအောင် လာရောက်ခြောက်လှန့်ခဲ့တယ်....ကျွန်မကို ကျွန်မရဲ့ ဘ၀တခုလုံး စုတ်ပြတ်သတ်စွာ  ရူးသွပ်သွားတဲ့ထိ ဗြောင်းဆန်အောင်လုပ်ပစ်မယ်လို့ လည်း ခြိမ်းခြောက်ခဲ့တယ်.....နောက်ဆုံးတော့ ဘယ်လိုမှ မတတ်နိုင်တော့ တဲ့ ကျွန်မ အဲဒီ မိန်းမလှတစ္ဆေလေး ရဲ့ခြောက်လှန့်မှု တွေကို ကျွန်မရဲ့  တဦးတည်းသော အားကိုးအားထားရာအဖြစ် သူ့ကိုပဲ ဖွင့်ပြောတိုင်ပင်ရတော့တာပေါ့....သူ့ကတော့ ဘ၀ချင်းခြားသွားပြီးဖြစ်တဲ့ အဲဒီ မိန်းမလှတစ္ဆေလေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်မနေဖို့ အားပေးစကားပြောရှာပေမယ့် .....မိန်းမလှတစ္ဆေလေးကတော့ လာရောက် ခြိမ်းခြောက်မြဲပါပဲ...သူမကျွတ်လွတ်သေးဘူးထင်ပါ့....
.ကျွန်မလည်းပဲ...လူတွေသတ်ခဲ့ဖူးပါတယ်....ဘာကြောင့် သူသတ်ခဲ့တဲ့လူကမှ ကျွန်မကိုလာရောက်ခြောက်လှန့်ရတာလဲ....အင်းလေ..သူက သရဏဂုံမှ တင်မပေးခဲ့တာ....ကျွန်မသတ်တုန်းက ကျွန်မသတ်ခဲ့တဲ့လူတွေကို ကျွန်မ သရဏဂုံတင်ပေးခဲ့တာကိုး....အဲဒီအတွက် ကျွန်မသတ်ခဲ့ဖူးတဲ့သူတွေက ကျွန်မတို့ကိုဘယ်တော့မှ လာရောက်ခြောက်လှန့်မှာ မဟုတ်ဘူး...
.နဂိုတည်းက ခေါင်းမာတဲ့ကျွန်မ.....ဒီအတိုင်းလေးပဲ..သူ့ဂူလေးနဲ့ ပိုနေသားကျလာခဲ့တယ်...သူကလည်း တခါတရံ တောလည်ထွက်ရာကနေ....အမြဲလိုလို ကျွန်မကို ဂူလေးထဲမှာတယောက်တည်းထားထားခဲ့ပြီး....ထွက်ထွက်နေတော့တဲ့ အထိဆိုပါတော့....ကျွန်မ အနားမှာနေရတာ ငြီးငွေ့လာပြီဖြစ်တဲ့သူ့ကို ကျွန်မ လွတ်လပ်စွာနေခွင့်ပြုဖို့ ခွင့်ပြုပေးခဲ့တယ်...ဒါပေမယ့် ရောက်တဲ့နေရာကနေ ဘယ်ရောက်နေလဲဆိုတာကို ကျွန်မဆီ မီးရှူးမီးပန်းလေးဖောက်ပြီး လှမ်းအသိပေးဖို့လေးရယ်.....ကျွန်မလှမ်း မေးတဲ့အချိန်တွေမှာ သတိတရနဲ့ အသင့်ပြင်ပေးထားဖို့လေးတော့တောင်းဆို ဖြစ်ခဲ့တယ်.....ဒီလိုနဲ့ပဲ.ကျွန်မ သူရဲ့ မီးရှူး မီးပန်းသံတွေကိုနားစွင့်ရင်း..ကျွန်မရဲ့ ညစာတွေကို ပြတင်းပေါက်နားမှာသာ စားတတ်လာတဲ့ထိဆိုပါတော့ ....(အပိုင်း-၂ ဆက်ရန်.....)