Sunday, August 12, 2012

ချစ်သူ...မင်းအတွက်

ချစ်သူ...မင်းအတွက်
အကောင်းဆုံး ချစ်သူ.....
ငါ.....ဖြစ်ပါရစေ....

ချစ်သူ....မင်းအတွက်..
ပွင့်လင်းတိုင်ပင် ချစ်ခင်ရတဲ့ ....
အရင်းနှီးရဆုံး..သူငယ်ချင်း....
ငါ.....ဖြစ်ပါရစေ....

ချစ်သူ....မင်းအတွက်....
နီးစပ်ရာရာ..ထိုထိုပညာ..နှီးနှေ

ာဖလှယ်ရင်း...
ချစ်ခင်ရတဲ့ အကောင်းဆုံးမိတ်ဆွေ...
ငါ.....ဖြစ်ပါရစေ....

ချစ်သူ....မင်းအတွက်....
အလိုကိုလိုက် အကြိုက်ဟူသမျှ....
လိုရာရစေမယ့်....
မင်းရဲ့ အစ်မကြီး....
ငါ.....ဖြစ်ပါရစေ....

ချစ်သူ....မင်းအတွက်....
 နှုတ်ခမ်းစူလျှက်
 နွဲ့ဆိုးဆိုးကာ
မင်းချော့ပါမှ အလိုကျတဲ့....
မင်းရဲ့ ညီမလေး..
ငါ.....ဖြစ်ပါရစေ....

ချစ်သူ....မင်းအတွက်....
ကောင်းရာကိုသာ..ညွှန်ကာပြသည့်..
မင်းရဲ့ဆရာရင်း...
ငါ.....ဖြစ်ပါရစေ....

ချစ်သူ....မင်းအတွက်....
လမ်းကြောင်းပဲ့ပြင် ဆုံးမ သင်သမျှ
နာခံရတဲ့..မင်းရဲ့တပည့်ရင်း....

.
ငါ.....ဖြစ်ပါရစေ...

ချစ်သူ....မင်းအတွက်....
ဘယ်သူနဲ့မှ တုလို့မရတဲ့..မင်းရဲ့ မိခင်....
မာတာပင်လျှင်..အံ့အားသင့်လျှက်

.....
လက်ကို ဆွဲငင် ခေါ်ငင်ရသည့်...
မင်းရဲ့ ဒုတိယ မိခင်.....
ငါ.....ဖြစ်ပါရစေ....

1 comment:

  1. ဒီကဗျာလေးမဆိုးဘူးမိုက်တယ်...နော်... အားပေးနေမယ် မီမီရေ.. နောက်လဲအများကြီးရေးပီးတင်နော်...
    ခင်မင်တဲ့ ပူးပူး :)

    ReplyDelete